သက်တံ့အယ်ဒီတာအဖွဲ့
မတ်လ ၁၁ရက်နေ့ ၂ဝ၁ဝခုနှစ်
လွန်ခဲ့တဲ့ ဇန်နဝါရီလက ဆော်ဒီအာရေးဗီးယား(Saudi Arabia)နိုင်ငံ ဂျေဒါး(Jeddah)မြို့က အမျိုးသားတယောက် ရဲဝတ်စုံဝတ်ပြီးတော့ မထော်မလီအပြုအမူတွေ ပြုလုပ်တဲ့အတွက်ကြောင့် အာဏာပိုင်တွေက ဖမ်းဆီးလိုက်တယ်လို့ အာရပ်(Arab News)သတင်းဌာနက ဒီနေ့ကြေညာခဲ့ပါတယ်။
အသက် ၂၇နှစ်အရွယ်ရှိပြီးဖြစ်တဲ့ အဖမ်းခံရတဲ့အမျိုးသားဟာ လိင်တူချင်းမြူဆွယ်ဖြားယောင်းတဲ့ အပြုအမူတွေကိုပြုလုပ်တာ ရဲတွေရဲ့ ဂုဏ်သိက္ခာကိုထိပါးစော်ကားစေတဲ့အတွက်ကြောင့်မို့ဆိုတဲ့ စွတ်စွဲချက်များနဲ့ ဖမ်းဆီးထားတာဖြစ်တယ်လို့ ဂျေဒါးမြို့က ရဲအရာရှိ န၀ှ အောဘော့(Nawaf Al-Bouq)က ထုတ်ဖော်ပြောဆိုခဲ့ပါတယ်။
သူ့ရဲ့ပြောဆိုချက်အရ အခုအဖမ်းခံရတဲ့အမျိုးသားဟာ အရင်တခါကလည်း လိင်တူဆက်ဆံတဲ့မှုနဲ့ပတ်သက်ပြီး ဖမ်းဆီးခံခဲ့ရဖူးတဲ့သူဖြစ်သလို အာမခံကြေးနဲ့ပြန်လည်လွှတ်ပေးခဲ့ဖူးတာဖြစ်တယ်လို့လည်း ဆိုပါတယ်။ အာရပ်သတင်းစာရဲ့အသေးစိတ်ပြောပြချက်အရဆိုရင် အဲဒီကောင်လေးဟာ ရဲဝတ်စုံကိုဝတ်ထားပြီး မော်တော်ကားဒရိုင်ဘာဆီကနေ ယဉ်မောင်းလိုင်စင်တောင်းနေပုံ၊ ယဉ်မောင်းလိုင်စင်မရှိရင် သူ့ကိုတစ်ခုခုပြန်ပေးရမယ်။ ယဉ်မောင်းသမားက ဘာပြန်ပေးရမလဲလို့ပြောတဲ့အခါ ကျနော့်ကို သက်တောင့်သက်သာဖြစ်အောင် လုပ်ပေးပါလို့ဆိုပြီးတော့ ရင်ဘက်ကိုဖွင့်ကာ ကနွဲ့ကလျနဲ့ ဖြူဆွယ်ဖြားယောင်းသည့် အပြုအမူကို ပြုလုပ်တဲ့အတွက်ကြောင့် အခုလိုဖမ်းဆီးထားရတာဖြစ်တယ်လို့လည်း နှစ်မိနစ်ခွဲလောက်ရှိတဲ့ အဲဒီဗီဒီယိုက မကြာခင်မှာပဲ ယူကျုဆာဗာမှာ ရောက်ရှိသွားပြီးတော့ တနိုင်ငံလုံးကို ပြန့်နှံ့သွားခဲ့တယ်လို့ ဆိုပါတယ်။
နောက်ထပ်ရဲအရာရှိရဲ့ထုတ်ဖော်ပြောဆိုချက်အရဆိုရင် အဲဒီဗီဒီယိုကို ဒရိုင်ဘာအဖြစ်ဟန်ဆောင်တဲ့သူက ရိုက်ကူးပေးပြီး နှစ်ယောက်စလုံး ပူးပေါင်းပြီးရိုက်ကူးထားတာဖြစ်တယ်လို့ ဆိုပါတယ်။ အခုချိန်မှာတော့ ဆော်ဒီအစိုးရက အဲဒီယူကျုဗွီဒီယိုကို တားမြစ်ပိတ်ပင်လိုက်ပြီလို့ သိရပါတယ်။
ဗီဒီယိုကိုကြည့်ချင်တယ်ဆိုရင်တော့....
http://www.youtube.com/watch?v=ZoPGSCbOu0g&feature=player_embedded မှာကြည့်ရှုနိုင်ပါတယ်။
Source: http://advocate.com
| Comments |
|
!joomlacomment 4.0 Copyright (C) 2009 Compojoom.com . All rights reserved."
| < Prev | Next > |
|---|






Welcome Boy Homo created this network with SocialGO.