သက်တံ့အယ်ဒီတာအဖွဲ့။ 23/June/2010

ကုလသမဂ္ဂ လူ့အခွင့်အရေး မဟာမင်းကြီးက အိုက်စ်လန်နိုင်ငံကို လိင်တူချင်း လက်ထပ်ထိမ်းမြားခွင့် ပြုလိုက်တဲ့အပေါ် အားရ၀မ်းမြောက်မိကြောင်း ဂုဏ်ပြုကျေးဇူးတင်စကား ထုတ်ဖော်ပြောဆိုခဲ့ပါတယ်။
ပြီးခဲ့တဲ့လက အိုက်စ်လန်လွှတ်တော်ဟာ လိင်တူချင်း လက်ထပ်ထိမ်းမြားခွင့် ဥပဒေကို လူသိရှင်ကြား ထုတ်ဖော်ပြောဆိုခြင်း မပြုလုပ်ပဲ တိတ်တဆိတ်အတည်ပြု ချမှတ်ခဲ့ကြတာ ဖြစ်ပါတယ်။ အဲဒီဥပဒေဟာ ဒီအပတ်မှာ တရားဝင် အသက်ဝင်လာတော့မှာ ဖြစ်ပါတယ်။
အိုက်စ်လန်နိုင်ငံဟာ ဥရောပမှာ အခုလို လိင်တူချင်းချစ်သူတွေကို တရားဝင် လက်ထပ်ထိမ်းမြားခွင့် ပြုလိုက်တဲ့ သတ္တမမြောက်နိုင်ငံ ဖြစ်လို့လာခဲ့ပြီ ဖြစ်ပါတယ်။
အိုက်စ်လန်နိုင်ငံဟာ လိင်တူချစ်သူ အမျိုးသမီးတစ်ဦးကို နိုင်ငံခေါင်းဆောင် ၀န်ကြီးချုပ်အဖြစ် ရွေးချယ်အသိမှတ်ပြုထားတဲ့ ကမ္ဘာပေါ်မှာ တစ်ခုတည်းသော နိုင်ငံဖြစ်ပါတယ်။
အိုက်စ်လန်နိုင်ငံမှာ လွန်ခဲ့တဲ့ ၁၉၄၀ခုနှစ်အထိ လိင်တူချင်းဆက်ဆံတာကို ရာဇ၀တ်မှုအဖြစ် သတ်မှတ်ထားခဲ့တာ ဖြစ်ပါတယ်။ အခုလို လိင်တူချင်း လက်ထပ်ထိမ်းမြားခွင့် ပေးလိုက်တာနဲ့ ပတ်သက်လို့ အိုက်စ်လန်နိုင်ငံရှိ ခရစ်ယာန်အသင်းတော်တွေက ဘုရားကျောင်းအတွင်းမှ လက်ထပ်ခွင့် ပေးမည် မပေးမည်ကို အခုချိန်ထိ ထုတ်ဖော်ပြောဆိုခြင်း မပြုရသေးဘူးလို့ သိရပါတယ်။
Source: http://www.pinknews.co.uk
| Comments |
|
!joomlacomment 4.0 Copyright (C) 2009 Compojoom.com . All rights reserved."
| < Prev | Next > |
|---|






Welcome Boy Homo created this network with SocialGO.