သက်တံ့အယ်ဒီတာအဖွဲ့။ 24/June/2010
အမေရိကန်နိုင်ငံ ဆန်ဖရန်စစ္စကို မြို့က ရေလုပ်သား တစ်ဦးက သူ့အပေါ် လွန်ခဲ့တဲ့နှစ်တွေက ဂေးနဲ့ အရမ်းတူတယ်ဆိုပြီး အလုပ်ထုတ်ပစ်ခဲ့တဲ့ လုပ်ငန်းရှင်အပေါ် ပြန်လည် တရားစွဲဆိုဖို့ ပြင်ဆင်နေတယ်လို့ သိရပါတယ်။
ဗစ်စင်းလို့ခေါ်တဲ့ သင်္ဘောအလုပ်သမားတစ်ဦးဟာ လွန်ခဲ့တဲ့နှစ် အောင်တိုဘာလက သူ့ရဲ့ကိုယ်ပိုင် အရည်အသွေးပေါ်မှာ မူတည်ပြီး အာကာထရက်စ်လို့ ခေါ်တဲ့ ရေကြောင်းသွားလာရေး လုပ်ငန်းဌာနကနေ အလုပ်ထုတ် ခံခဲ့ရတာ ဖြစ်တယ်လို့ အေဘီအက်စ်-စီဘီအင် သတင်းဌာနက ထုတ်ဖော်ပြောဆို သွားခဲ့ပါတယ်။
အာကာထရက်စ် ရေကြောင်းလုပ်ငန်းဌာနကတော့ မစ္စတာအောထောစ်ဟာ အခြားလုပ်ဖော်ကိုင်ဖက် သင်္ဘောသားတွေကို ပါးစပ်နဲ့ လိင်ဆက်ဆံပေးမယ် ဆိုပြီး ဖြားယောင်းသွေးဆောင်သလို သူ့ရဲ့ လုပ်ဖော်ကိုင်ဖက်တွေရဲ့ ဓါတ်ပုံတွေကို ၀က်ဆိုဒ်ပေါ်မှာ ခွင့်ပြုချက်မရပဲ ဖော်ပြပေးတာမျိုး အစရှိတဲ့ လိင်ပိုင်းဆိုင်ရာ စော်ကားနှောက်ယှက်မှုတွေကို ကျူးလွန်ခြင်းကြောင့် အလုပ်ထုတ်ပစ်ခဲ့တာ ဖြစ်တယ်လို့ ပြန်လည်ဖြေရှင်းခဲ့ပါတယ်။
“သင်္ဘောသားတွေကြားထဲမှာ လိင်ပိုင်းဆိုင်ရာနဲ့ ပက်သက်လို့ နောက်ပြောင်ကြတာဟာ ဓမ္မတာပဲ”ဆိုပြီး အဲဒီဌာနရဲ့ ထုတ်ဖော်ပြောဆိုချက်ကို မစ္စတာအောထောစ်က ပြန်လည်တုံ့ပြန် ချေပခဲ့ပါတယ်။
ဆန်ဖရန်စစ္စကိုမြို့က အလုပ်သမားသမဂ္ဂတွေနဲ့ ဟားဗေးမစ် အသင်းဝင်များက ပြီးခဲ့တဲ့ စနေနေ့က အဲဒီရေလုပ်ငန်းဌာနရဲ့ ကုမ္ပဏီရှေ့မှာ သွားရောက် ဆန္ဒပြခဲ့ကြတယ်လို့ သိရပါတယ်။
“ကျနော့်အလုပ်ကို ကျနော်ပြန်လိုချင်တယ်။ ပြီးရင် အလုပ်ရှင်ကနေ သူတို့လုပ်ခဲ့တဲ့အမှားပေါ် ပြန်လည်တောင်းပန်တာမျိုးကို လိုချင်တယ်”လို့ မစ္စတာ အောထောစ်က နောက်ဆုံး ထုတ်ဖော်ပြောဆို သွားခဲ့ပါတယ်။
Source: http://advocate.com
| Comments |
|
!joomlacomment 4.0 Copyright (C) 2009 Compojoom.com . All rights reserved."
| < Prev | Next > |
|---|






Welcome Boy Homo created this network with SocialGO.