သက်တံ့အယ်ဒီတာအဖွဲ့။ 29/June/2010

၄၀ကြိမ်မြောက် ဆန်ဖရန်စစ္စကိုမြို့က လိင်တူချင်း ချစ်သူတွေရဲ့ ဂုဏ်ယူလမ်းလျှောက် ချီတက်ပွဲ အခမ်းအနားမှာ အသက် ၁၉နှစ်အရွယ် ယောက်ျားလေးတယောက် သေနတ်ဖြင့် ပစ်သတ် ခံခဲ့ရတယ်လို့ သိရပါတယ်။
အဲဒီအပြင် အခြား၂ယောက်က ဒဏ်ရာရခဲ့တယ်လို့ သိရပါတယ်။ အခင်းဖြစ်ပွားခဲ့တဲ့ နေရာကတော့ အရင်က ဟားဗေးမစ် ကျင်လည်ခဲ့တဲ့ ကက်စထို ရပ်ကွက်မှာပဲ ဖြစ်ပါတယ်။
ဆန်ဖရန်စစ္စကိုမြို့က ဆေးရုံးရဲ့ ထုတ်ဖော်ပြောဆိုချက်အရ အပစ်သတ်ခံခဲ့ရတဲ့ ယောက်ျားလေးဟာ စတီဗင်ပါဝရ်လ်လို့ ခေါ်တဲ့ လူငယ်လေးတယောက် ဖြစ်တယ်လို့လည်း သိရပါတယ်။
အခင်းဖြစ်ပွားတဲ့ အချိန်ဟာ ည၁၁ခွဲလောက်ဖြစ်ပြီး လိင်တူချင်း ချစ်သူတွေ အများစု ကျင်လည်ရာ ရပ်ကွက်ဖြစ်တဲ့ ကက်စထိုရပ်ကွက်မှာ အားလုံးအတူတကွ ပျော်ပွဲဆင်နွှဲနေကြစဉ် မည်သူမည်ဝါမှန်း မသိနိုင်တဲ့ အမျိုးသားတယောက်က လူအုပ်ထဲကို သေနတ်ပစ်ဖောက်လိုက်တာ ဖြစ်တယ်လို့ သိရပါတယ်။
အခင်းဖြစ်ပွားပြီး သိပ်မကြာမှီမှာပဲ ဒေသခံရဲတွေ ရောက်ရှိလာပြီး အဲဒီသေနတ်သမားကို ဖမ်းဆီးနိုင်ခဲ့ပါတယ်။ ဒါပေမယ့် လိင်တူချစ်သူတွေ အတော်များများက ရဲတွေရောက်လာတယ် ဆိုရင်ပဲ သူတို့တွေကိုင်ထားတဲ့ ဘီယာဘူးခွံ၊ ပုလင်းခွံ၊ ရေသန့်ဘူးခွံတွေနဲ့ ရဲတွေကို ပစ်ပေါက်ကြတယ်လို့ သိရပါတယ်။
ဆန်ဖရန်စစ္စကို ရဲစခန်းကတော့ ဒီအမှုခင်းဟာ လိင်တူချင်းချစ်တဲ့ သူတွေအပေါ်မှာ မုန်းတီးမှုကြောင့် ကျူးလွန်ခဲ့တဲ့ ပြစ်မှုမဟုတ်နိုင်ပဲ တခြား ပြစ်မှုတစ်ခုခုကြောင့်သာ ဖြစ်နိုင်တယ်လို့ ထုတ်ပြန်ကြေညာထားဆဲ ဖြစ်ပါတယ်။
ဆန်ဖရန်စစ္စကို လိင်တူချင်းချစ်သူများရဲ့ ချီတက်လမ်းလျှောက်ပွဲမှ ပုံရိပ်တစ်ချို့











Source: http://www.pinknews.co.uk
| Comments |
|
|
||||||||
|
||||||||
|
||||||||
!joomlacomment 4.0 Copyright (C) 2009 Compojoom.com . All rights reserved."
| < Prev | Next > |
|---|






Welcome Boy Homo created this network with SocialGO.