သက်တံ့အယ်ဒီတာအဖွဲ့။ July 7, 2010

ကမ္ဘာကျော် ဟောလီးဝုဒ် ရုပ်ရှင်မင်းသမီး တယောက်လည်းဖြစ် ကုလသမဂ္ဂရဲ့ ဒုက္ခသည်များဆိုင်ရာ သံအမတ်ကြီးလည်းဖြစ်တဲ့ ရုပ်ရှင်မင်းသမီး အိန်ဂျလီနာ ဂျူလီနဲ့ ကမ္ဘာကျော် ဟောလီးဝုဒ် ရုပ်ရှင်သရုပ်ဆောင် မင်းသားချောလေး ဘရက်ပစ်တို့ရဲ့ သမီးလေး ရှီလိုက ယောက်ျားလေးလိုပဲ နေချင်တယ်လို့ ပြောတဲ့အကြောင်းကို အမေဖြစ်တဲ့ အိန်ဂျလီနာ ဂျူလီက မကြာသေးမှီကပဲ Vanity Fair magazine ကို ထုတ်ဖော်ပြောဆို ခဲ့ပါတယ်။
“ကျမသမီးက ယောက်ျားလေး ဖြစ်ချင်တယ်လို့ ခဏခဏ ပြောပါတယ်။ ပြီးတော့ ဆံပင်ကိုလည်း တိုတိုပဲ ညှပ်ခိုင်းတယ်။ သူ့ကိုသူ လုံးဝ ယောက်ျားလေး လုံးလုံးလို့ကို သတ်မှတ်တယ်။ သူ့အစ်ကိုတွေထဲမှာ သူလည်းတယောက် အပါအ၀င် ဖြစ်တယ်လို့ သူ့ကိုသူ အမြဲတမ်း ခံယူလေ့ရှိတယ်။ သမီးဝတ်တဲ့ ပုံစံကလည်း Montenegro ဖက်က စတိုင်မျိုးတွေပဲ သူက ၀တ်ချင်တယ်။ tracksuits လေးတွေ ၀တ်တာလည်း ကြိုက်တယ်။ တခါတခါကျလို့ရှိရင် အရမ်းကို ရယ်ရတယ်။ ရယ်စရာကောင်းသလို ချစ်စရာလည်း ကောင်းပါတယ်” လို့ Vanity Fair မဂ္ဂဇင်းကို ထုတ်ဖော်ပြောဆို ခဲ့ပါတယ်။
အသက် ၃၅နှစ် ရှိပြီဖြစ်တဲ့ အိန်ဂျလီနာနဲ့ ဘရက်ပစ် ၄၆နှစ်တို့ ကတော့ သူတို့သမီးလေး အခုလိုနေတာ ဘာမှ သူတို့နှစ်ယောက်အတွက် စိတ်အနှောက်အယှက် မဖြစ်ကြောင်း ပြောဆိုခဲ့တယ်လို့လည်း သိရပါတယ်။
ဘရက်ပစ်နဲ့ အိန်ဂျလီနာ နှစ်ယောက်စလုံးဟာ အမေရိကမှာ တောင်းဆိုနေတဲ့ လိင်တူချင်း လက်ထပ်ခွင့် ဥပဒေမူကြမ်းကို ထောင့်ခံတဲ့ သူတွေဖြစ်ကြပါတယ်။
Source: http://www.musicrooms.net
| Comments |
|
!joomlacomment 4.0 Copyright (C) 2009 Compojoom.com . All rights reserved."
| < Prev | Next > |
|---|






Welcome Boy Homo created this network with SocialGO.