You are here: Home သတင်းဆောင်းပါး Hot News ကမ္ဘာ့ဖလားဘောလုံးပွဲမှာ လာကန်တဲ့ ဂျာမန်ဘောလုံးအသင်းရဲ့ ထက်ဝက်ကျော်က ဂေးပါတဲ့တော်

ကမ္ဘာ့ဖလားဘောလုံးပွဲမှာ လာကန်တဲ့ ဂျာမန်ဘောလုံးအသင်းရဲ့ ထက်ဝက်ကျော်က ဂေးပါတဲ့တော်

E-mail Print PDF

သက်တံ့အယ်ဒီတာအဖွဲ့။ July/15/2010

ဂျာမဏီနိုင်ငံ ကိုယ်စားပြု ဘောလုံးသမားဟောင်း Michael Ballack ရဲ့ အကြံပေးပုဂ္ဂိုလ် Michael Becker က ဂျာမဏီ ဘောလုံးအသင်းမှာ ဂေးတွေ တပုံတမကြီး ပါတယ်လို့ Der Spiegel reports မဂ္ဂဇင်းတိုက်ကို ထုတ်ဖော် ပြောဆိုခဲ့တယ်လို့ သိရပါတယ်။

မဂ္ဂဇင်းတိုက်ရဲ့ သတင်းသမား တယောက်ဖြစ်တဲ့ Aleksander Osang ရဲ့ ထုတ်ဖော်ပြောဆိုချက် အရဆိုရင် ဂျာမနီအသင်း ကမ္ဘာ့ဖလားမှာ နောက်ဆုံး တတိယအဆင့် မယှဉ်ပြိုင်ခင်လေးမှာ Mr. Becker နဲ့ တွေ့ဆုံ မေးမြန်းခန်း လုပ်ဖြစ်ခဲ့တယ်လို့ သိရပါတယ်။

အဲဒီမှာ Mr. Becker ရဲ့ ပြောပြချက် အရဆိုရင် မကြာခင်မှာ သူ့ရဲ့ဘော့စ် Michael Ballack က ဂျာမဏီ ဘောလုံးအသင်းမှာ ကန်နေတဲ့ ဘောလုံးသမားတွေထဲမှာ ဘယ်သူက ဂေးဖြစ်တယ် မဖြစ်ဘူး ဆိုတာကို ထုတ်ဖော် ပြောဆိုတော့မှာ ဖြစ်တယ်လို့ ပြောကြားခဲ့သလို ဂျာမဏီအသင်းကို နောက်ဆုံး ၀င်ရောက်လာတဲ့ ဘောလုံးသမား ဆိုရင်လည်း တပိုင်းက ဂေးဖြစ်နေတဲ့ သူလို့ ထုတ်ဖော်ပြောဆို ခဲ့ပါတယ်။

အဲဒီအပြင် Mr. Becker က ဂျာမဏီ ဘောလုံးအသင်းထဲမှာ ဂေး ဘောလုံးသမားတွေ များတဲ့အတွက် ကစားပုံ ကစားကွက် တွေကလည်း တစ်မျိုးတစ်ဖုံ ဆန်းသစ်နေတာ ဖြစ်တယ်လို့ ပြောဆိုခဲ့သလို ဥပမာ သာဓကအားဖြင့် အရင်က ဘောလုံးကန်တဲ့ ပုံစံတွေက ကြမ်းကြမ်းတမ်းတမ်းနဲ့ နိုင်လိုမင်းထက် အရိပ်အငွေ့တွေ မြင်တွေ့ခဲ့ရပေမယ့် ဒီနှစ်ရဲ့ ကစားပုံတွေက ပေါ့ပေါ့ပါးပါး ညင်ညင်သာသာ  နဲ့ ကျွမ်းကျင် လိမ္မာစွာ ယှဉ်ပြိုင်ကစားခဲ့ ကြတာကို မြင်တွေ့ကြမှာ ဖြစ်တယ်လို့လည်း ထုတ်ဖော်ပြောဆို ခဲ့ပါတယ်။

သတင်းထောက် Aleksander Osang ရဲ့ ထုတ်ဖော်ပြောဆိုချက် အရဆိုရင် အခုလို Mr. Becker က ဂျာမဏီ ဂေး ဘောလုံးသမားတွေရဲ့ အကြောင်းကို ပွင့်ပွင့်လင်းလင်း ထုတ်ဖော် ပြောဆိုလိုက်ရင် အားကစား သတင်းထောက်တွေ ထိန့်ထိန့်လန့်လန့် ဖြစ်ကုန်ကြလိမ့်မယ်လို့ မျှော်လင့်ခဲ့ပေမယ့် ဘယ်အားကစား သတင်းထောက်ကမှ Mr. Becker ရဲ့ ထုတ်ဖော် ပြောဆိုချက်အပေါ် တအံ့တသြ တုံ့ပြန်ချက် တစ်ခုမှ မရှိခဲ့တာကို ကြည့်မယ်ဆိုရင် အဲဒီလို ဂျာမဏီအသင်းမှာ ဂေး ဘောလုံးသမားတွေ မည်ရွှေ့မည်မျှ ရှိနေတယ်ဆိုတာကို သူတို့ကောင်းကောင်း သိနေပြီးသား ပုံစံပေါက်နေတာ ဖြစ်တယ်လို့ ထုတ်ဖော်ပြောဆိုခဲ့တာ ဖြစ်ပါတယ်။

ဂျာမဏီ ဘောလုံးသင်းမှာ လိင်တူချစ်သူတယောက် အနေနဲ့ ပွင့်ပွင့်လင်းလင်း ထုတ်ဖော်ပြောဆိုခဲ့တဲ့ ဘောလုံး အားကစားသမား တယောက်မှ မရှိခဲ့ဖူးပါဘူး။ သို့ပေသော်ငြား Erfurt Marcus Urban လို့ခေါ်တဲ့ ဂျာမန်ပြည်တွင်းစစ်မှာ ကစားတဲ့ ပွင့်ပွင့်လင်းလင်း လိင်တူချစ်သူ ဘောလုံး သမားတယောက်တော့ ရှိခဲ့ပါတယ်။ ဒါပေမယ့်လို့ သူက အနားယူသွားတဲ့ အချိန်ရောက်မှသာ သူ့ရဲ့လိင်စိတ်ကို ထုတ်ဖော်ပြောဆိုခဲ့တာ ဖြစ်ပါတယ်။

လွန်ခဲ့တဲ့ မတ်လက ဂျာမဏီနိုင်ငံရဲ့ မန်နေဂျာဟောင်း Rudi က “ဂေးတွေအနေနဲ့ ဘောလုံး မကန်သင့်ကြောင်း တကယ်လို့သာ ကန်တဲ့သူ ရှိခဲ့မယ်ဆိုရင်တောင် ရယ်ချင်စရာ သတ္တ၀ါတကောင်လို ဖြစ်နေလိမ့်မယ်။ အားကစား လုပ်ချင်တယ်ဆိုရင် ဂေးတွေအနေနဲ့ ကြိုက်တဲ့ အားကစားတွေ လုပ်လို့ရနိုင်တယ်။ ဒါပေမယ့် ဘောလုံးကတော့ လုံးဝမရွေးချယ်သင့်တဲ့ အားကစားပါ”လို့ မှတ်ချက်ချခဲ့တဲ့ အတွက်ကြောင့် ဂျာမဏီနိုင်ငံတ၀န်းက လိင်တူချစ်သူ အခွင့်အရေး လှုပ်ရှားသူတွေကို အမျက်ဒေါသ ထွက်စေခဲ့တာ ဖြစ်ပါတယ်။

Source: http://www.pinknews.co.uk

Comments
Add New Search
သားကြီး  - မိုက်တယ်...     |118.172.53.xxx |2010-07-15 05:16:46
ဟေးးးးးးးးး ပျော်စရာကြီး..
ဥရောပတိုက်သွားရင်.... .
အရင်ဆုံး.. ဂျာမနီ အ
ရင်သွားအုံးမယ်... ဟဟ..
တစ်ယောက်ချင်းလိုက်ရှာပစ်မယ်.. ခွိ..ခွိ..
_______
__ ______________________

မန်နေဂျာဟောင်း Rudi က “ဂေးတွေအနေနဲ့ ဘောလုံး မကန်သင့်ကြောင်း တကယ်လို့သာ ကန်
တဲ့သူ ရှိခဲ့မယ်ဆိုရင်တောင်  ရယ်ချင်စရာ သတ္တ၀ါတကောင်လို ဖြစ်နေလိမ့်မယ်။ အားကစ
ား  လုပ်ချင်တယ်ဆိုရင် ဂေးတွေအနေနဲ့ ကြိုက်တဲ့ အားကစားေ တွ လုပ်လို့ရနိုင
်တယ်။ ဒါပေမယ့် ဘောလုံးကတော့ လုံးဝမ ရွေးချယ်သင့်တဲ့ အားကစားပါ”လို့ မှတ်ချက်ခ
ျခဲ့တဲ့ အတွက်ကြောင့်
စိတ်ပုတ်မ  - ဂေးဘောလုံးသင်းထောင်မည်   |222.123.27.xxx |2010-07-19 17:30:09
ဂေးတွေဘပြါတဲ့အသင်းတသင်းထောင်ရင် ချန်ပီယံတောင်ဖြစ်နိုင်မယ်ထင်တယ်.... ဘယ်သူဝင်မလဲ
မြန်မြန်စာရင်းပေးကြပါဗျို့... (အဲ) ရှင့်
Write comment
Name:
Email:
 
Website:
Title:
UBBCode:
[b] [i] [u] [url] [quote] [code] [img] 
 
 
:angry::0:confused::cheer:B):evil::silly::dry::lol::kiss::D:pinch:
:(:shock::X:side::):P:unsure::woohoo::huh::whistle:;):s
:!::?::idea::arrow:
 
Please read our policy first
And input the code that you can read in the image to agree.

!joomlacomment 4.0 Copyright (C) 2009 Compojoom.com . All rights reserved."

 

Networking Links

Myanmar Gay Education

သူငယ်ချင်းတွေ အားလုံး တစ်ဦးနှင့် တစ်ဦး ဆက်သွယ် ရင်းနှီးမှု လွယ်ကူ စေရန် ပြုလုပ် ပေးထားခြင်း ပဲဖြစ်ပါတယ်။ www.mymgedu.com

Mplus Thailand
Chiang Mai-based Mplus unveils its mision and ponders the challenges ahead

Myanmar Homosexual Society
Welcome Boy Homo created this network with SocialGO.

Related Links

HIV Information of Myanmar
မြန်မာ အိတ်ခ်ျအိုင်ဗီ သတင်းအချက်အလက် [ဟင်: မ်] က ကြိုဆိုပါတယ်

ILGA
International Lesbian and Gay Association

Fridae - Empowering Gay Asia
Asia's Gay and Lesbian Personals Network

My MGEDU
Myanmar Gay Education

Sin Myanmar Guy
Sin Myanmar Guy Network

 

အယ်ဒီတာ့ စကား

လူ့အခွင့်အရေးနဲ့ လိင်တူချစ်သူများ အခွင့်အရေး နိုင်ငံပေါင်း (၅၆) နိုင်ငံကနေ (၁၉၄၈) ခုနှစ်က အတည်ပြုပြဌာန်း လိုက်တဲ့ အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေး ကြေညာစာတမ်းကို လူ့အခွင့်အရေးနဲ့ ပက်သက်ပြီး နိုင်ငံတကာရဲ့ စံထားဖော်ညွှန်းစရာ တခုအဖြစ်.. Read More

Secured by Siteground Web Hosting