သက်တံ့အယ်ဒီတာအဖွဲ့။ July/15/2010
ကိုယ့်သားကို အခြောက်လို့ဆိုပြီး စော်ကားနောက်ပြောင်တဲ့ အသက် ၁၅နှစ်အရွယ် ကောင်မလေး တယောက်ကို ဖခင် ဖြစ်တဲ့သူက ဘေ့စ်ဘောရိုက်တန်နဲ့ ရိုက်ချလိုက်တယ်လို့ သိရပါတယ်။
အသက် ၄၄နှစ်အရွယ် ရှိပြီဖြစ်တဲ့ ဒင်းကင်ဟန်ဟာ သူ့သားငယ်ကို အခြောက်လို့ခေါ်ပြီး နောက်ပြောင်နေတာကို မသည်းခံနိုင်တော့တဲ့ အတွက်ကြောင့် အခုလိုမျိုး နောက်ပြောင်နေတဲ့ ကလေးမလေးကို သတိမေ့မြောအောင် ရိုက်ပစ်ခဲ့တာ ဖြစ်တယ်လို့ ၀န်ခံထုတ်ဖော် ပြောဆိုခဲ့တာ ဖြစ်ပါတယ်။
“ကျနော့်သားက ကျနော့်ကို အော်ပြီး အကူအညီ တောင်းတယ်လေ။ အုပ်စုလိုက်နဲ့ သူ့ကို လှောင်ပြောင်သရော် နေကြတာလေ။ အဲဒါနဲ့ သားကလည်း အဖေရေ လုပ်ပါဦး ဆိုပြီး ပြောလာလို့ ကျနော်လည်း ပြေးသွားလိုက်တာ ဟိုရောက်တော့ ကျနော် သည်းခံနိုင်စွမ်း မရှိတော့လို့ အခုလိုမျိုး မဖြစ်သင့်တာတွေ ဖြစ်သွားခဲ့ရတာပါ”လို့ ဒင်းကင်ဟန် တယောက် သတင်းသမားတွေကို ထုတ်ဖော် ပြောဆို ခဲ့ပါတယ်။
အခုလို အခင်းဖြစ်ပွားခဲ့ရတဲ့ အတွက်ကြောင့် မစ္စတာကင်ဟန်ဟာ ထောင်ဒဏ်သုံးနှစ် ကျခံခဲ့ရတာ ဖြစ်ပါတယ်။ ဒါပေမယ့် တရားသူကြီးတွေက သူ့ကို ဖခင်ကောင်းပီသတဲ့ သူတယောက်လို့ မှတ်ချက်ချခဲ့ ကြပါတယ်။
ဒါပေမယ့် မစ္စတာကင်ဟန်ကလည်း သူအခုလိုမျိုး ကျူးလွန်ခဲ့တာဟာ လုံးဝကို မှန်ကန်သင့်လျှော်တဲ့ လုပ်ရပ် မဟုတ်ဘူးလို့ သူ့အမှားကိုသူ ၀န်ခံထုတ်ဖော် ပြောဆိုခဲ့တယ်လို့ သိရပါတယ်။
Source: http://www.pinknews.co.uk
| Comments |
|
|
||||||||
|
||||||||
!joomlacomment 4.0 Copyright (C) 2009 Compojoom.com . All rights reserved."
| < Prev | Next > |
|---|






Welcome Boy Homo created this network with SocialGO.