သက်တံ့အယ်ဒီတာအဖွဲ့။ 19/July/2010

အာဂျင်တီးနား နိုင်ငံမှာ ပထမဦးဆုံး လက်ထပ်ထိမ်းမြားကြမယ့် လိင်တူချစ်သူ စုံတွဲကို မက္ကဆီကို မြို့တော်က နေပြီးတော့ အခမဲ့ ပျားရည်ဆမ်း ခရီးကို ဆုလက်ဆောင်အဖြစ် ချီးမြှင့်သွားမှာ ဖြစ်တယ်လို့ ထုတ်ပြန်ကြေညာ ခဲ့ပါတယ်။
အခုလို ဆုချီးမြှင့်ရတဲ့ ရည်ရွယ်ချက်ကတော့ မက္ကဆီကိုမြို့တော်ဟာ လိင်တူချင်း ခရီးသွား ဧည့်သည်တွေကို လှိုက်လှဲပြူငှာစွာ ဖိတ်ခေါ်လိုက်တဲ့ အကြောင်းကို လူအများ သိကြစေဖို့အတွက် ရည်ရွယ်တာ ဖြစ်တယ်လို့လည်း သိရပါတယ်။
မက္ကဆီကို မြို့တော်ဟာ လွန်ခဲ့တဲ့ နှစ်ကပဲ လက်တင် အမေရိကမှာ လိင်တူချင်း လက်ထပ်ထိမ်းမြားခွင့်ကို ပထမဦးဆုံး အသိမှတ်ပြုခဲ့တဲ့ မြို့တစ်မြို့လည်း ဖြစ်ပါတယ်။
အာဂျင်တီးနား နိုင်ငံကတော့ လက်တင် အမေရိကမှာ လိင်တူချင်း လက်ထပ်ထိမ်းမြားခွင့်ကို တနိုင်ငံလုံး အတိုင်းအတာနဲ့ ပထမဦးဆုံး အသိအမှတ်ပြုခဲ့တဲ့ နိုင်ငံ တစ်နိုင်ငံပဲ ဖြစ်ပါတယ်။
Source: http://abcnews.go.com
| Comments |
|
!joomlacomment 4.0 Copyright (C) 2009 Compojoom.com . All rights reserved."
| < Prev | Next > |
|---|






Welcome Boy Homo created this network with SocialGO.