• Create an account
    *
    *
    *
    *
    *
    Fields marked with an asterisk (*) are required.
You are here: Home

Welcome to Rainbow Colors Gay & Lesbian Magazine

Headline
  • Pause
  • Previous
  • Next
1/9
ကမ္ဘာ့အသက်ငယ်ဆုံး လိင်ပြောင်းလဲခွဲစိတ်ပြီးသူလေး Kim Petras ရဲ့ အောင်မြင်မှု

သက်တံ့အယ်ဒီတာအဖွဲ့

မတ်လ ၁ဝရက်၊ ၂ဝ၁ဝခုနှစ်

Kim Petras

ကမ္ဘာ့အသက်ငယ်ဆုံး လိင်ပြောင်းလဲခွဲစိတ်ထားတဲ့ အဆိုတော်လေးရဲ့ Die for you လို့အမည်ရတဲ့ Single တေးသီချင်းလေးဟာ ဂျာမန်လူငယ်ထုတွေကြား လူကြိုက်များနေတယ်လို့ သတင်းရရှိပါတယ်။ အဲဒီ ကမ္ဘာ့အသက်ငယ်ဆုံး လိင်ပြောင်းလဲခွဲစိတ်ထားသူလေးရဲ့ နာမည်ကတော့ ခင်မ် ပက်ထရက်စ်(Kim Petras)လို့ခေါ်တဲ့ ဂျာမန်နိုင်ငံသူလေးပဲ ဖြစ်ပါတယ်။

ခင်မ် ပက်ထရက်စ်ဟာ အမှန်တကယ်မွေးဖွားလာတုန်းကတော့ တင်မ် ပက်ထရက်စ်(Tim Petras)ဆိုတဲ့ ယောက်ျားလေးအနေနဲ့ဖြစ်ပါတယ်။ ဒါပေမယ့်လို့ အသက် ၁၆နှစ်ပြည့်တဲ့အချိန်မှာတော့ သူ့ရဲ့ စိတ်ကူးအိပ်မက်တစ်ခုဖြစ်တဲ့ မိန်းကလေးတယောက်ဘဝကို လုံးဝခွဲစိတ် ပြောင်းလဲခံယူလိုက်တာဖြစ်ပါတယ်။

အသက် ၁၆နှစ်သာရှိသေးတဲ့ ခင်မ်ကို လွန်ခဲ့တဲ့ ၁၉၉၂ခုနှစ်က ဂျာမဏီနိုင်ငံ ခုံလုံမြို့(Cologne)မှာ မွေးဖွားခဲ့တာဖြစ်ပါတယ်။ အခုလိုမျိုး ခင်တယောက် ပိုမိုနာမည်ကြီးလာတာဟာဆိုလို့ရှိရင် ဂျာမဏီနိုင်ငံမှာ ဥပဒေအရ လိင်ပြောင်းလဲခွဲစိတ်ခွင့်ကို အသက်၁၈နှစ်ပြည့်ပြီးမှာသာလျှင် ခွင့်ပြုလေ့ရှိပေမယ့် ခင်ကိုတော့ အသက် ၁၆နှစ်မှာတင် ခွဲစိတ်ခွင့်ရခဲ့တဲ့အတွက်ကြောင့် ကမ္ဘာ့အသက်ငယ်ဆုံး လိင်ပြောင်းလဲခွဲစိတ်ထားသူ တယောက်အနေနဲ့ ပိုမိုလူသိများတာဖြစ်ပါတယ်။

မိဘနှစ်ပါးကလည်း ခင်ငယ်ငယ်ကတည်းက မိန်းကလေးတယောက်လို ဝတ်စားဆင်ယင်နေထိုင်တာကို ကောင်းကောင်းမွန်မွန် ကူညီထောင့်ပံ့ ပေးခဲ့တဲ့အတွက်ကြောင့် ဒီနေ့ဒီအချိန်မှာ သူ့ရဲ့ လိင်ပိုင်းဆိုင်ရာနဲ့ ပတ်သက်လို့ ဘယ်စိတ်ဒုက္ခဆင်းရဲမှ မခံစားခဲ့ရဘူးလို့လည်း ဆိုပါတယ်။

အခုလို လိင်ပြောင်းလဲခွဲစိတ်တာနဲ့ပတ်သက်လို့ သတင်းမီဒီယာက မိန်းမတယောက်လိုနေရတာ စိတ်ထဲမှာ ဘယ်လိုနေလဲလို့ မေးလာတဲ့အခါမှာ ကျမကတော့ ဟိုးအရင်ကတည်းက မိန်းမတယောက်လိုပဲ ကိုယ့်ကိုယ်ကိုယ်ခံစားရတယ်။ ကျမမိန်းမတယောက်ပါပဲ။ လွဲနေတာတစ်ခုပဲရှိတယ်။ အဲဒါက ကျမစိတ်က ကျမနဲ့မကိုက်ညီတဲ့ ခန္ဓာကိုယ်ထဲရောက်နေရတာပါပဲလို့ ပြန်လည်တုံ့ပြန်ပြောဆိုခဲ့ပါတယ်။


Kim Petras၏ အမှတ်တရပုံရိပ်တချို့



Source: http://ladeez-b.blogspot.com/

Read more
 
 
 
Entertainment
ရုပ်ရှင်အညွှန်း အတွဲ(၄) ရုပ်ရှင်အညွှန်း အတွဲ(၄) ကနားစီး မပြုံး    ဇာတ်ကားအမည်။      ။ ကနားစီးမပြုံး ဇာတ်ညွှန်းနှင့် ဒါရိုက်တာ။       ။ မိုးကြိုး ၀တ္ထု။   ။ အေ...
 
Straight Talk
လိင်တူချစ်သူများလက်ထပ်ခွင့်နှင့် ပက်သက်၍ မေးမြန်းခန်းအစီအစဉ် လိင်တူချစ်သူများလက်ထပ်ခွင့်နှင့် ပက်သက်၍ မေးမြန်းခန်းအစီအစဉ် လိင်တူချင်း လက်ထပ်ထိမ်းမြားခွင့်ကို ဥပဒေအရ အတည်ပြုပေးဘို့ဆိုတဲ့ ကိစ္စဟာ အမေရိကန်၊ ပြည်နယ်အသီးသီးမှာ အငြင်...
Editorial
အယ်ဒီတာထံသို့ ပေးစာ (၁) အယ်ဒီတာထံသို့ ပေးစာ (၁) ဒီဆောင်းပါးလေးကို လွန်ခဲ့တဲ့နှစ်က အွန်လိုင်းပေါ်ကနေသိခဲ့ရတဲ့ မြန်မာနိုင်ငံက လူငယ်လေးတယောက် ပေးပို့ထားခဲ...
 
 

Networking Links

Guys Of Myanmar Club 
သူငယ်ချင်းတွေ အားလုံး တစ်ဦးနှင့် တစ်ဦး ဆက်သွယ် ရင်းနှီးမှု လွယ်ကူ စေရန် ပြုလုပ် ပေးထားခြင်း ပဲဖြစ်ပါတယ်။ 
Guys Of Myanmar Blog

Mplus Thailand  
Chiang Mai-based Mplus unveils its mision and ponders the challenges ahead

Myanmar Homosexual Society  
Welcome Boy Homo created this network with SocialGO.

Related Links

HIV Information of Myanmar
မြန်မာ အိတ်ခ်ျအိုင်ဗီ သတင်းအချက်အလက် [ဟင်: မ်] က ကြိုဆိုပါတယ်

ILGA
International Lesbian and Gay Association

Fridae - Empowering Gay Asia
Asia's Gay and Lesbian Personals Network

GMyanmar
ယောက်ျားလေးချင်းနှစ်သက်သူတွေအတွက်

My MGEDU
Myanmar Gay Education

Sin Myanmar Guy
Sin Myanmar Guy Network

 

အယ်ဒီတာ့ စကား

လူ့အခွင့်အရေးနဲ့ လိင်တူချစ်သူများ အခွင့်အရေး နိုင်ငံပေါင်း (၅၆) နိုင်ငံကနေ (၁၉၄၈) ခုနှစ်က အတည်ပြုပြဌာန်း လိုက်တဲ့ အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေး ကြေညာစာတမ်းကို လူ့အခွင့်အရေးနဲ့ ပက်သက်ပြီး နိုင်ငံတကာရဲ့ စံထားဖော်ညွှန်းစရာ တခုအဖြစ်.. Read More

Polls

ဘယ်လိုသဘောရပါသလဲ?