You are here: Home သတင်းဆောင်းပါး Feature မြန်မာ ဂေး တွေကြားက ဗန်းစကားများ

မြန်မာ ဂေး တွေကြားက ဗန်းစကားများ

E-mail Print PDF

အောက်တိုဘာ ၂၁၊ ၂ဝဝ၉ ခုနှစ်

သက်တံရောင်အယ်ဒီတာအဖွဲ့

 

မြန်မာပြည်က ဂေးတွေဟာ သူတို့တွေအပေါ် ပတ်ဝန်းကျင်ကတုံ့ပြန်လာတဲ့ စော်ကားမှု၊ ခွဲခြားဖိနှိပ်ဆက်ဆံမှုစတဲ့ နှောက်ယှက်မှုတွေကနေ ကာကွယ်နိုင်ဖို့အတွက် ဘန်းစကားတွေကို ကျွမ်းကျွမ်းကျင်ကျင် လျှင်လျှင်မြန်မြန်နဲ့ တီထွင်ဖန်တီး အသုံးပြုနိုင်တဲ့ အစွမ်းအစတွေရှိကြပါတယ်။ ပြီးတော့ ဒီလိုထူးခြားဆန်းပြားတဲ့ စကားလုံးတွေကို တီထွင်အသုံးပြုနေကြတာကိုကလည်း လူမှုပတ်ဝန်းကျင်အသိုင်းအဝိုင်မှာ သူတို့တွေကို သတိထားမိစရာ ဂရုပြုမိစရာ အုပ်စုတစုအနေနဲ့ အသိအမှတ်ပြု ခံကြရတာဖြစ်ပါတယ်။

 ဂေးတွေမှာ ဒီလို လူတွေလက်တွေ့ အသုံးပြုနေတဲ့ ထူးခြားဆန်းပြားတဲ့ စကားလုံး၊ စကားဝှက်တွေကို တီထွင်နိုင် အရည်အချင်းတွေ ရှိနေတယ်ဆိုတာကို လူအများသိစေအောင် ဖော်ထုတ်ဖို့ အတွက် အရမ်းကို အရေးကြီးပါတယ်လို့ မြန်မာနိုင်ငံလိင်တူချစ်သူများအခွင့်အရေးကော်မတီအဖွဲ့ ကိုစတင်ထူထောင်သူ ဦးအောင်မျိုးမင်းက ခုလို ထုတ်ဖော်ပြောဆို သွားခဲ့တာဖြစ်ပါတယ်။

ဒီဆောင်းပါးမှာ ရေးသုံးထားတဲ့အသုံးအနှုန်းက အင်တာနက်အသုံးပြုနိုင်တဲ့ မြို့ပြတွေမှာအသုံးများတဲ့ ဂေး ဆိုတဲ့စကားလုံးကို သုံးနှုန်းထားတာဖြစ်ပါတယ်။ တချို့ကတော့ ဟိုမို ဆိုပြီးလည်းခေါ်ကြတာရှိပါတယ်။ စကားလုံးနှစ်လုံးစလုံးရဲ့ အဓိပ္ပါယ်ကတော့ ယောက်ျားလေးလိုနေတဲ့ ပုံစံကနေစပြီးတော့ ဟိုး အမျိုးသမီးလိုနေထိုင်တဲ့  လိင်တူချင်းဆက်ဆံတဲ့ အမျိုးသားတွေကို ရည်ညွန်းတာဖြစ်ပါတယ်။

ဒီလိုစကားဝှက်တွေကို အသုံးပြုကြတဲ့နေရာမှာ အမျိုးအစား နှစ်ခုကွဲတာရှိပါတယ်။ ပထမတခုက စကားပုန်းလို့ ခေါ်တဲ့ ဂျီမတွေအချင်းချင်းကြားမှာ အသုံးပြုတဲ့စကားဝှက် ဖြစ်ပါတယ်။ အဲဒီ စကားပုန်တွေက လိင်ကွဲလောကမှာ ပြောဆိုသုံးနှုန်းနေကြတဲ့ စကားလုံးတွေရဲ့ အဓိပ္ပါယ်နဲ့ လုံးဝမတူညီကြဘူးလို့ ဆိုပါတယ်။

နောက် ဒုတိယတခုကတော့ ဘန်းစကား ဖြစ်ပါတယ်။ ဂေးတွေထွင်ထားတဲ့ ဘန်းစကားကတော့ လိင်တူချစ်တဲ့သူရော လိင်ကွဲချစ်တဲ့သူပါမကျန် လူအတော်များများသုံးနှုန်းကြတဲ့ စကားလေးတွေဖြစ်ပါတယ်။ တချို့နာမည်ကြီး ရုပ်ရှင်သရုပ်ဆောင်တွေတောင် အသုံးပြုကြတာ တွေ့ရများပါတယ်။ လိင်တူချစ်သူတွေကို မုန်းတီးတဲ့ အယူအဆတွေက မြန်မာလူမှုပတ်ဝန်းကျင်မှာ ရှိနေလင့်ကစား ဂေးတွေရဲ့ ဗန်းစကားကတော့  ခုခေတ်ပေါ် ဗမာဗန်းစကားလောကကို တစတစနဲ့ မသိမသာ ပါးပါးလေး အနိုင်ယူ တိုက်စားလို့နေပြီလို့လည်း တချို့ဆိုကြပါတယ်။ ဒီလို ဂေးတွေရဲ့ ဗန်းစကားတွေ တွင်ကျယ်လာတာကိုကလည်း သူတို့တွေကို မြန်မာလူမှုအသိုင်းအဝိုင်းက သတိထားစရာ လူအုပ်စုတစုအနေနဲ့ မြင်လာစေတာဖြစ်ပါတယ်။ ဥပမာ ဆိုရရင် အခုဒီဆောင်းပါးမှာသုံးနှုန်းထားတဲ့ စကားလုံးတွေကလည်း အခုပြောနေတဲ့ ဂေး ဗန်းစကားများ ခေါင်းစဉ်အောက်မှာ ပါနေပြီဖြစ်ပါတယ်။

မြန်မာပြည်က ဂေးတွေထွင်လိုက်တဲ့ စကားလုံးတွေဟာ စကားလုံးအဟောင်းတခုကို နောက်ထပ် အဓိပ္ပါယ်တမျိုးနဲ့ ထပ်သုံးလိုက်တာမျိုးဖြစ်ပါတယ်။ ဥပမာ- စားတယ်ရိုးရိုးဆိုရင်အဓိပ္ပါယ်က စားတယ်ပဲ။ ဒါပေမယ့် ဂေးတွေရဲ့ ဗန်းစကားမှာတော့ ပါးစပ်နဲ့ဖြစ်ဖြစ် စအိုနဲ့ဖြစ်ဖြစ် လိင်ဆက်ဆံလိုက်ရတာကို စားလိုက်တယ်လို့လည်း အဓိပ္ပါယ်ယူလိုက်တာမျိုးကို ဆိုလိုတာဖြစ်ပါတယ်။ ဒီလိုဆိုတော့ တခြားအပြင်လူတွေအနေနဲ့ အဲဒီအဓိပ္ပါယ်ကို ဘယ်လိုမှ သိကြမှာမဟုတ်တော့ဘူး။

ဒီလိုမျိုး ဂေးဗန်းစကား အသုံးအနှုန်းတွေဟာ ပတ်ဝန်းကျင်ကတုံ့ပြန်လာတဲ့ ကိုယ်ထိလက်ရောက် စော်ကားနှောက်ယှက်ခံရတာ၊ ပါးစပ်နဲ့ဆဲရဲတိုင်ထွာခံရတာ စတဲ့ ခွဲခြားဖိနှိပ်စော်ကားမှုတွေကို ပြန်လည်တုံ့ပြန်နိုင်ဖို့၊ ဂေးတွေအကြားအချင်းချင်း အတင်းအုတ်ဖို့နှင့် စည်းလုံးညီညွတ်စေဖို့ရန်အတွက် အလွန်ကို အရေးကြီတဲ့ အရာတခုလည်း ဖြစ်နေပြန်ပါတယ်။

ခုအခါမှာ ကိုလိုနီလက်ကျန် ဥပဒေ ပုဒ်မ ၃၇၇ ကိုအစိုးရက လက်တွေ့မကျင့်သုံးတော့ဘူးဆိုပေမယ့်လည်း ဥပဒေကရှိနေသေးတော့ ရဲတွေနှောက်ယှက်စော်ကားတာတွေကိုတော့ မြန်မာပြည်က ဂေးတွေ တွေ့ကြုံနေကြရတုန်းပါပဲ။ ပုဒ်မ ၃၇၇ နဲ့ ညိမယ်ဆိုရင် ထောင်ဒဏ် ၁ဝ နှစ်ကနေ တသက်တကျွန်းအထိ ချခံရနိုင်ပါတယ်။

ပုဂံရောက်ဖူးလား---၊ အင်္ဂလန်လား---စတဲ့ ဗန်းအသုံးနှုန်းတွေဆိုရင် နေရာဒေသကကိုအခြေခံတဲ့ စကားလုံးတွေဆိုတော့ ဗမာစကားလုံးတွေသာမကပဲ နေရာဒေသတွေပါမကျန် ဂေးတွေက ဗန်းစကားလုပ်ပြစ်တာ တွေ့ရပြန်ပါတယ်။ ပုဂံရောက်ဖူးတယ်ဆိုတဲ့ အဓိပ္ပါယ်က ဂေးဖြစ်နေတုန်းပဲလို့ ဆိုလိုတာဖြစ်ပြီး၊ အင်္ဂလန်ဆိုတာက ဂေးတွေလိင်ဆက်ဆံတဲ့အခါမှာ ကိုယ်က အခံဖက်ကလိင်ဆက်ဆံပြီးရင် တဖက်လူကိုပြန်ပြီး အပေါ်ကနေ ဆက်ဆံတဲ့သူမျိုးကို ဆိုလိုတာဖြစ်ပါတယ်။

မြန်မာပြည်ကဂေးတွေ ဘယ်အချိန်လောက်ကတည်းက ဗန်းစကားတွေကို စတင်သုံးနှုန်းလာခဲ့ကြလည်းဆိုတာကို ဘယ်သူကမှ အတိအကျတော့မသိကြပေမယ့် ကိတ်မုန့်မြန်မာပြည်ကို စဝင်လာကတည်းက ဂေးတွေ ဗန်းစကားစသုံးနေပြီဆိုတာတော့ သေချာတယ်လို့ တချို့လူတွေကဆိုပါတယ်။ ဘာဖြစ်လို့လဲဆိုရင် မြန်မာပြည်ကို ကိတ်မုန့်စဝင်ခါစက အထူးအဆန်းအရာတခုအနေနဲ့ ဖြစ်ခဲ့တဲ့အချိန်မှာ ဂေးတွေက ယောက်ျားတန်ဆာ ကြီးတာကို ကိတ်တယ် ကြီးတယ်ဆိုတဲ့ နာမဝိသေသန တခုအနေနဲ့ပြောင်းပြီး စတင်အသုံးပြုနေခဲ့ကြတယ် လို့လည်းဆိုပါတယ်။

ဂေးတွေကို ဘယ်လိုခေါ်ရမယ်ဆိုတဲ့ စကားလုံးနဲ့ပတ်သက်လို့တော့ဖြင့် ဒီနေ့ဒီအချိန်အထိ အငြင်းပွါးနေကြတုန်းပါပဲ။ ဒါပေမယ့် ဒီနေ့ဒီအချိန်အထိလူအတော်များများက အခြောက်၊ ဂန်ဒူးစသဖြင့် ခေါ်နေကြတုန်းပါပဲ။ အဓိပ္ပါယ်ကတော့ ဂေးတွေမှာ လိင်ဆက်ဆံတဲ့အခါမှာ အရည်ကြည်မထွက်တော့ စအိုက ခြောက်နေတယ် ဆိုတဲ့အတွေးကနေ အခြေခံတယ်လို့လည်း ဆိုကြပါတယ်။ မြန်မာပြည်လိင်တူချစ်သူများအခွင့်အရေးကော်မတီမှ ဒါရိုက်တာဦးအောင်မျိုးမင်းကတော့ ပိုပြီးလေးစားသမှုရှိစေတယ်လို့ ယုံကြည်တဲ့ လိင်တူချစ်သူဆိုတဲ့ စကားလုံးကို စတင်တီထွင် အသုံးပြုခဲ့ပါတယ်။ အခြားလူသုံးများတဲ့ နောက်ထပ်စကားတလုံးကတော့ မာမီလို့ ခေါ်ကြတာပဲဖြစ်ပါတယ်။

ဂေးတွေအကြားမှာ ယဉ်ကျေးမှုအသစ်တခု စပြီးထွက်ပေါ်လာပြီဆိုရင်လည်း ခုနကလက်ခံထားတဲ့ ဗန်းစကားတလုံးကို ထပ်ချဲ့ထွင်ပြီး အဲဒီယဉ်ကျေးမှုအသစ်နဲ့ ကိုက်ညီအောင် ဆက်တီထွင်ကြပြန်တာကိုလည်း တွေ့ရပြန်ပါတယ်။ ဥပမာ-ကိတ်မုန့်ဖုတ်သင်တန်းဆိုတဲ့ဗန်းစကားဆိုရင် အခုအချိန်မှာခေတ်စားနေတဲ့ အုပ်စုလိုက်လိင်ဆက်ဆံတာမျိုး ကိုပြောချင်တာ။ ဒီစကားလုံးက အခုလောလောဆယ်အချိန်မှာခေတ်စားနေတဲ့ ဗန်းစကားတခုပါပဲ။

ဂေးဗန်းစကားတွေဟာ ခေတ်စားခဲ့တဲ့ ယဉ်ကျေးမှုတွေအပေါ်မှာအခြေခံပြီးတော့လည်း အသုံးတွင်ကျယ်တာကို တွေ့ရမှာဖြစ်ပါတယ်။ ဥပမာ- ကလေးတွေကြားမှာခေတ်စားခဲ့တဲ့ ရွှေသွေးမဂ္ဂဇင်းနဲ့ ပတ်သက်လို့ဆိုပါစို့ ရွှေသွေးမဂ္ဂဇင်းဖတ်ချင်တယ်ဆိုရင် ဆယ်ကျော်သက်တွေကို ကြိုက်တယ်လို့ ပြောချင်တာ။ နောက် တေဇမဂ္ဂဇင်းဖတ်ချင်တယ်ဆိုရင်တော့ အသက်ကြီးတဲ့သူတွေကိုကြိုက်တာ။ ဆိုလိုတာက မဂ္ဂဇင်းနှစ်ခုလုံးက တချိန်တခါက လူငယ်ထုကြားမှာ ခေတ်စားခဲ့တဲ့မဂ္ဂဇင်းဆိုတော့ အဲဒီအပေါ်မှီခိုပြီး တီထွင်ခဲ့ကြတာမျိုး ကိုတွေ့ရတာဖြစ်ပါတယ်။

ပြီတော့ ဂေးဗန်းစကားအသစ်ကို အသုံးပြုဖို့ရန်အတွက် အတည်ပြုပေးရတဲ့သူက သြဇာအာဏာရှိပြီး အသက်ကြီးတဲ့ ဂေးတွေဖြစ်ပါတယ်၊ တကယ်လို့ ငယ်ရွယ်တဲ့ ဂေးတယောက်ယောက်က စကားလုံးအသစ်တခုကို ထွင်ပြီး လူကြီးတွေရှေ့မှာ အသုံးပြုမိမယ်ဆိုရင် အဲဒါဟာ ရိုင်းရာကြသွားပါတယ်။ ဆိုတော့ ငယ်တဲ့သူက ကြီးတဲ့သူပြောတာကို နာခံရပါတယ်။ များသောအားဖြင့် သြဇာအာဏာရှိတဲ့ ဂေးတွေက နာမည်ကျော်တဲ့သူ၊ ငွေးကြေးချမ်းသာတဲ့သူနဲ့ ပေါင်းသင်းဆက်ဆံရေးကောင်းတဲ့သူတွေ အဖြစ်များပါတယ်။

ဒါပေမယ့်အခုလို မြန်မာပြည်က ဂေးတွေနဲ့ပတ်သက်တဲ့ အင်တာနက်စာမျက်နှာတွေမှာ၊ ဆွေးနွေး ငြင်းခုံနိုင်တဲ့ဖိုရမ်တွေ၊  အွန်လိုင်းပေါ်မှာ တစတစနဲ့ထွက်ပေါ်လာတာ အများကြီးဆိုတော့ အသက်ငယ်တဲ့သူတွေကလည်း အသက်ကြီးတဲ့ဂေးတွေနည်းတူ ဗန်စကားတွေကို တီထွင်အသုံးပြုနိုင်ခွင့် တန်းတူရှိသင့်တယ်လို့ တချို့ကဆိုပါတယ်။

လူတိုင်းကတော့ ကိုယ့်ရဲ့ ဘာသာစကား ဒီမိုကရေစီနည်းလမ်းကျကျ ကျင့်သုံးချင်နေကြတာပါ။ ပြီးတော့ ဒီကြီးနိုင်ငယ်ညှင်း စနစ်ကြီးကိုမနှစ်မြို့တော့တဲ့သူ ဖျက်ပြစ်လိုက်ချင်တဲ့သူတွေကလည်း အများသား၊ မြန်မာယဉ်ကျေးမှုမှာ ကြီးတဲ့သူကို ရိုသေလေးစားရမယ်ဆိုတဲ့ ဓလေ့ရှိပါတယ်။ အဲဒီဓလေ့က ကောင်းသလို ဆက်လက်ထိမ်းသိမ်းသွားဖို့လည်း သင့်ပါတယ်။ ဒါပေမယ့် ကျနော်တို့ဂေးတွေရဲ့ ဗန်းစကားကို တီထွင်အသုံးပြုကျတဲ့ နေရာမှာလည်း ဒီဓလေ့ကို လိုက်နာကျင့်သုံးရအောင် ဆိုတဲ့ဟာမျိုးတော့လည်း မဖြစ်စေချင်ဘူးပေါ့လို့  မြန်မာ့လိင်တူပညာယူလို့ခေါ်တဲ့ ဂေးလူမှုရေးနဲ့ ပတ်သက်တဲ့ အွန်လိုင်းဝက်ဆိုက်တခုကို စတင်ဦးဆောင်ကမကထလုပ်ခဲ့တဲ့ ယူရီဂေလာရဲ့ ခုလိုပြောဆိုခဲ့တာဖြစ်ပါတယ်။

မြန်မာပြည်က ဂေးတွေရဲ့ ကိုယ်ပိုင်အမှတ်လက္ခဏာ၊ ဂေးယဉ်ကျေးမှုနဲ့ ဂေးအသိုင်းအဝိုင်းတွေ ဖွံ့ဖြိုးတိုးတက် ကောင်းမွန်လာတာနဲ့အမျှ ဂေးတွေရဲ့ ဗန်းစကားကလည်း ဒီဖွံ့ဖြိုးတိုးတက်မှုဖြစ်စဉ်တခုလုံးရဲ့ တထောင့်တနေရာမှာတောထာဝရတည်ရှိနေမှာဖြစ်ပါတယ်။

Violet Cho and Dave Gilbert, Guest Contributors တို့ရေးသားထားသော ဆောင်းပါးကို ဆီလျော်အောင် ပြန်လည်ဘာသာ ပြန်ထားခြင်းဖြစ်သည်။ ဘာသာပြန်လွဲမှားချက်တခုခုများပါရှိခဲ့မယ်ဆိုရင် ဘာသာပြန်သူရဲ့ အမှားသာဖြစ်ပါသည်။ ဘာသာပြန်သူအား အကြံပေးမည်ဆိုပါက This e-mail address is being protected from spambots. You need JavaScript enabled to view it ကို လိပ်မှုပြီး အကြံပေးနိုင်ပါတယ်။

 

Sources; http://rspas.anu.edu.au/rmap/newmandala/2009/10/20/going-to-pagan-gay-slang-in-burma/

Comments
Add New Search
Write comment
Name:
Email:
 
Website:
Title:
UBBCode:
[b] [i] [u] [url] [quote] [code] [img] 
 
 
:angry::0:confused::cheer:B):evil::silly::dry::lol::kiss::D:pinch:
:(:shock::X:side::):P:unsure::woohoo::huh::whistle:;):s
:!::?::idea::arrow:
 
Please read our policy first
And input the code that you can read in the image to agree.

!joomlacomment 4.0 Copyright (C) 2009 Compojoom.com . All rights reserved."

 

Networking Links

Guys Of Myanmar Club 
သူငယ်ချင်းတွေ အားလုံး တစ်ဦးနှင့် တစ်ဦး ဆက်သွယ် ရင်းနှီးမှု လွယ်ကူ စေရန် ပြုလုပ် ပေးထားခြင်း ပဲဖြစ်ပါတယ်။ 
Guys Of Myanmar Blog

Mplus Thailand  
Chiang Mai-based Mplus unveils its mision and ponders the challenges ahead

Myanmar Homosexual Society  
Welcome Boy Homo created this network with SocialGO.

Related Links

HIV Information of Myanmar
မြန်မာ အိတ်ခ်ျအိုင်ဗီ သတင်းအချက်အလက် [ဟင်: မ်] က ကြိုဆိုပါတယ်

ILGA
International Lesbian and Gay Association

Fridae - Empowering Gay Asia
Asia's Gay and Lesbian Personals Network

GMyanmar
ယောက်ျားလေးချင်းနှစ်သက်သူတွေအတွက်

My MGEDU
Myanmar Gay Education

Sin Myanmar Guy
Sin Myanmar Guy Network

 

အယ်ဒီတာ့ စကား

လူ့အခွင့်အရေးနဲ့ လိင်တူချစ်သူများ အခွင့်အရေး နိုင်ငံပေါင်း (၅၆) နိုင်ငံကနေ (၁၉၄၈) ခုနှစ်က အတည်ပြုပြဌာန်း လိုက်တဲ့ အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေး ကြေညာစာတမ်းကို လူ့အခွင့်အရေးနဲ့ ပက်သက်ပြီး နိုင်ငံတကာရဲ့ စံထားဖော်ညွှန်းစရာ တခုအဖြစ်.. Read More