You are here: Home Media guide comment policy

Media guide comment policy

E-mail Print PDF

သက်တံ့ရောင် မဂ္ဂဇင်းသည် လူသားတိုင်း၏လူအခွင့်အရေးနှင့် လူသားအချင်းချင်းခွဲခြားဖိနှိပ်မှု ကင်းစင်ရေးကို အထွဋ်အထိပ်တန်ဖိုးထားသည့်အဖွဲ့အစည်းဖြစ်ပါသည်။ ထို့ပြင် လူသားတိုင်း၏ မတူကွဲပြားမှုကိုလည်း အမြဲထာဝရ အသိအမှတ်ပြု လေးစားတန်ဖိုးထားသည့် အဖွဲ့အစည်းဖြစ်ပါသည်။ လူသားတိုင်းတွင် လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုနိုင်ခွင့်ဆိုသည့် လူ့အခွင့်အရေးရှိသလို ထိုအခွင့်အရေးနှင့် ထပ်ချပ်မကွာလိုက်ပါလာသည်မှာ မိမိ၏လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်ကြောင့် တပါးသူရဲ့ လူ့အခွင့်အရေးနှင့် ဂုဏ်သိက္ခာကို မထိခိုက်ရလေအောင် ထိန်းသိမ်းရမည့် တာဝန်ယူမှုဆိုသည်မှာလည်း လူတိုင်းတွင်ရှိကြောင်းကို သက်တံ့ရောင်မဂ္ဂဇင်းအဖွဲ့မှ အမှန်တကယ်ယုံကြည်ပါသည်။ သို့ပါ၍ သက်တံ့ရောင် မဂ္ဂဇင်းမှ တင်ပြလိုက်သည့် မည်သည့် သတင်း၊ ဆောင်းပါးတို့နှင့် ပတ်သက်သည့် အကြံပေးစာများနှင့် မှတ်ချက်ချမှုများတွင် အောက်ဖော်ပြပါအချက်များနှင့် ညိစွန်းသည်ဆိုပါက သက်တံ့ရောင် အယ်ဒီတာအဖွဲ့မှ တည်းဖြတ်ခွင့်ရှိကြောင်းကို အသိပေးအပ်ပါသည်။

  • ပုဂ္ဂိုလ်ရေးတိုက်ခိုက်မှု၊ ရုန်ရင်းကြမ်းတမ်းသည့် စကားလုံးအသုံးအနှုန်းများ သုံးစွဲမှုနှင့် အသရေဖျက်လိုသည့် အသုံးအနှုန်းများပါရှိခြင်း။
  • လိင်တူချစ်သူများအပေါ် အထင်အမြင်သေးသည့်အမြင်နှင့် ဂုဏ်သရေပျက်စေရန်အတွက် ရည်ရွယ်ကာ သုံးနှုန်းသည့် စကားလုံးဝေါဟာရများ။
  • မဟုတ်မမှန်သည့် သတင်းအမှားများပေးပို့ခြင်း။
  • သမီးရည်းစားချိန်းတွေ့ရန်အတွက် ရည်ရွယ်သည့် အပြန်အလှန် ချိန်းချက် dating လုပ်မှုများ။
  • မိမိတဦးတယောက်၊ တသီးပုဂ္ဂလအဖွဲ့အစည်း၏ အကျိုးအမြတ်အတွက်ရည်ရွယ်သည့် စီးပွါးရေးကြော်ငြာများ

ကဲ့သို့သော စကားလုံးများ ပါရှိပါက ဖြတ်တောက်သွားမည်ဖြစ်ကြောင်း အသိပေးအပ်ပါသည်။

 
Secured by Siteground Web Hosting